Prewedding Photo ရိုက်မယ်ဆိုရင်

လှပပြီး စိတ်တိုင်းကျစေတဲ့ Prewedding ရိုက်ချင်တယ်ဆိုရင် လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်အချက် (၉) ချက်ကို ဖော်ပြပေးလိုက်ပါတယ်နော်
ပထမဆုံး Prewedding ရိုက်ကူးရေးကိုစထိတွေ့တဲ့မောင်နှံတွေအနေနဲ့ ဘာတွေစလုပ်ရမလဲ မသိဘူးဖြစ်နေတတ်ပါတယ် ။အဲဒီ့အတွက်အခုဖော်ပြပေးတာလေးတွေမှာ အသုံးဝင်တဲ့ Prewedding ရိုက်ကူးရေးလုပ်ငန်းစဉ်အဆင့်ဆင့်ကို အသေးစိတ်ရေးပေးထားပါတယ် ။

အဆင်မပြေမှု အမျိုးမျိုးကိုရှောင်ရှားနိုင်ရန်တွက် Prewedding မရိုက်ခင် လေ့လာမှုနှင့် စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်မှုများ လုပ်ထားသင့်ပါတယ်
Prewedding ရိုက်ကူးခြင်းမပြုမီ ပြင်ဆင်ခြင်း : Professional Photo Studio နှင့် Freelance Photographer Studio တို့ရဲ့ ခြားနားချက်တွေကိုလေ့လာသင့်ပါတယ်

Studio ရွေးချယ်ခြင်း
ရိုက်ကူးရေးအဖွဲ့တွေရဲ့ Package တွေနဲ့သူတို့သွားတဲ့ ရိုက်ကူးရေး Style တွေကိုလေ့လာစုဆောင်းပြီး ကိုယ်တောင်းဆိုချင်တဲ့အချက်တွေနဲ့ အကိုက်ညီဆုံးဆိုင်ကိုရွေးချယ်ပါ။

မောင်နှံအများစုက Prewedding ဓါတ်ပုံရိုက်ရန်ပြင်ဆင်နေချိန်တွင် Professional Photo Studio နှင့် Freelance Photographer Studio ကြား ခြားနားချက်တွေကိုနားမလည်လို့ ရွေးချယ်ရန် အဆင်မပြေဖြစ်နေတတ်ပါတယ်။

  • Professional Photo Studio ဆိုတာက ပိုမိုပြည့်စုံသောဝန်ဆောင်မှုများအတွက် အဖွဲ့ဝင်များ ၊ ဝန်ထမ်းများ နှင့် စိတ်တိုင်းကျရွေးချယ်နိုင်ရန်မင်္ဂလာဝတ်စုံ မျိုးစုံရှိခြင်း ၊ မိတ်ကပ်ဆရာများ ရွေးချယ်နိုင်ခြင်း ပြီးလုပ်ငန်းများကိုသက်ဆိုင်ရာဌာနများခွဲပြီးစီစဉ်ပေးသောဆိုင်များကိုဆိုလိုပါတယ် ။
  • Freelance Photographer Studio ဆိုတာကတော့ ယေဘုယျအားဖြင့် သူတို့၏ဓါတ်ပုံရိုက်စွမ်းရည်အပေါ် ယုံကြည်မှုအပြည့်ရှိသည့် လူတစ်ဦး (သို့) လူအနည်းငယ်နဲ့ဖွင့်လှစ်ထားသောဆိုင်များကိုဆိုလိုပါတယ်။ ဆိုင်အတွက်အရင်းအနှီး အနည်းငယ်နှင့်ဖွင့်ထားတဲ့ဆိုင်ဖြစ်လို့ မင်္ဂလာဝတ်စုံနှင့်အခြားလိုအပ်သောအရာတွေအတွက် ရွေးချယ်စရာအများကြီးမရှိပါဘူး ။ ဒါပေမယ့် Freelance Photographer Studio ရဲ့ဈေးနှုန်းတွေက သင့်တင့်မှုရှိပါတယ် ။

အကြံပြုပေးတဲ့သူနေရာကနေတော့ ဘယ်သူကောင်းတယ် ၊ မကောင်းဘူးဆိုပြီးတော့ မညွှန်ကြားလိုပါဘူး ။ ဓါတ်ပုံကောင်းတယ် ၊ မကောင်းဘူးဆိုတာမှာ ဓါတ်ပုံဆရာရဲ့ကျွမ်းကျင်မှုက 70% သက်ဆိုင်လို့ ဓါတ်ပုံဆရာကအရေးအကြီးဆုံးပါဘဲ ၊ ကျန်တဲ့ 30% ကတော့ ဝတ်စုံတွေ နဲ့ အခြားသောလိုအပ်တာတွေပြင်ဆင်မှုပေါ် မူတည်ပါတယ် ။

ဒီအချက်တွေကိုကြည့်မယ်ဆိုရင်တော့ Studio နှစ်ခုလုံးမှာ ကိုယ်ပိုင်အားသာချက် ၊ အားနည်းချက်တွေ ရှိကြပါတယ် ။အချို့တွေက Studio တစ်ခုဖွင့်ထားတယ်ဆိုတော့ဓါတ်ပုံ ရိုက်တာမဆိုးလောက်ပါဘူးလို့ထင်ကြတယ် ။ အကြံပြုသူအနေနဲ့ အဲဒါက ဓါတ်ပုံရဲ့အရည်အသွေး အပေါ်မူတည်တယ်လို့ထင်ပါတယ် ။ လူတိုင်းမှာအကြိုက်ဆုံးပုံစံတွေရှိပါတယ် ။ ကိုယ်ကြိုက်နှစ်သက်တဲ့ ပုံစံနဲ့ကိုက်ညီတဲ့ Studio ကိုရှာပြီး ဓါတ်ပုံဆရာဘယ်သူလဲမေးပါ ၊ ရလဒ်ကောင်းများရနိုင်ပါတယ်။

Freelance Photographer Studio တွေမှာဆိုရင်တော့ ဓါတ်ပုံဆရာများများမရှိတာကြောင့် ရွေးချယ်ရလွယ်ကူပါတယ် ။ သူတို့ရဲ့သက်ဆိုင်ရာ ဓါတ်ပုံရိုက်တဲ့ Style တွေကိုကြည့်ပြီး ကိုယ်ကြိုက်နှစ်သက်တာကိုရွေးချယ်ပါ။
Professional Photo Studio တွေကတော့မတူပါဘူး။ သူတို့မှာ ရွေးချယ်စရာ ဓါတ်ပုံဆရာများစွာရှိပြီး တစ်ချို့ကကျွမ်းကျင်သောဓါတ်ပုံဆရာများဖြစ်ပြီး တစ်ချို့ကတော့ ဓါတ်ပုံပညာကိုလေ့လာသင်ယူနေဆဲသူများဖြစ်ပါတယ်။ အဲဒါဆိုရင်ဘယ်လိုရွေးရမှာလဲ ? Photo Studio တွေရဲ့ဈေးနှုန်းကိုကြည့်ပြီးရွေးချယ်နိုင်ပါတယ်။

ပြောရမယ်ဆိုရင်တော့ဘယ်ဟာကအကောင်းဆုံးဆိုပြီးတော့ မရှိပါဘူး ။ ကိုယ်နဲ့သင့်တော်ပြီးလိုက်လျောညီထွေဖြစ်တာက အကောင်းဆုံးပါဘဲ ။ လုံးဝ အမှား အမှန်ဆိုပြီးမရှိပါဘူး ။ကိုယ့်အနေအထားနဲ့ မည်သည့်အကြောင်းအရာတွေက ကိုယ်နဲ့ပိုပြီးကိုက်ညီတယ်ဆိုတာကိုဘဲ ကြည့်ပါ။

Prewedding ဓါတ်ပုံရိုက်ကူးလျှင် သိရှိရမည့် အချက်(၉)ချက်

၁ – ဈေးနှုန်း
ကိုယ့်ရဲ့ဘတ်ဂျက်အပေါ်အခြေခံပြီး ရွေးချယ်ပါ။ ဈေးကြီးတိုင်းလည်းကိုယ်နဲ့ကိုက်ညီမှု ရှိချင်မှရှိမှာပါ ။ မင်္ဂလာဆောင်တယ်ဆိုတာက အလွန်အကုန်အကျများမယ့် ပွဲတစ်ပွဲပါ ။ Prewedding ဓါတ်ပုံရိုက်ကူးခြင်းကို သင့်ရဲ့စိတ်ကျေနပ်မှုရရုံဘဲရိုက်ကူးသင့်ပါတယ် ။

အချို့သောသူတွေက Prewedding ဓါတ်ပုံရိုက်ကူးပြီးမလိုအပ်ဘဲ ပုံတွေကိုအများကြီးပုံကြီးချဲ့တာတွေ ၊ Video တွေ ၊ Photo Album အကြီးကြီးတွေထုတ်ယူကြပါတယ်။ဒါပေမယ့် နောက်ဆုံးထားစရာနေရာမရှိတာဘဲဖြစ်ပြီး ကုန်ကျစရိတ်တွေလည်း အများကြီးကုန်ကျသွားတတ်ကြပါတယ် ။

၂ – ဓါတ်ပုံရိုက်ကူးမည့် Style
အချို့သော Photo Studio တွေက ရိုးရာဓလေ့ထုံးတမ်းဆိုင်ရာ ရိုက်ကူးခြင်းတွေအတွက်ကောင်းမွန်ပါတယ် ။ ဓါတ်ပုံတွေနဲ့ ပုံစံတွေကတော့ အရမ်းထူးခြားမှာ မဟုတ်ပါဘူး ။ အချို့သော Photo Studio တွေကတော့ကိုယ်နဲ့လိုက်ဖက်ပြီး အဆင်ပြေမယ့်ပုံစံတွေနဲ့ ဖက်ရှင်ကျကျ ရိုက်ကူးရန်အတွက်သင့်တော်ပါတယ်။

Photo Studio တွေရွေးချယ်တဲ့အခါ သူတို့ရိုက်ကူးပြီးသား နမူနာဓါတ်ပုံတွေ ၊ Video တွေကိုကြည့်ပါ ။ ကိုယ်နဲ့ကိုက်ညီပြီးကိုယ်လိုချင်တဲ့ Style နဲ့ တူညီတာကိုရွေးချယ်ပါ။ ပုံရွေးတဲ့အခါမှာ သတို့သမီး သတို့သားလှတာ မလှတာတွေကို ကြည့်ပြီးမရွေးရပါဘူး ။ ဓါတ်ပုံအလင်း အမှောင် ၊ ဘောင် ၊ အရောင် ၊ ရိုက်ကူးတဲ့ ပတ်ဝန်းကျင်စတာတွေရဲ့ သဟဇာတဖြစ်မှု နှင့်ကိုယ်လိုချင်တဲ့စံနှုန်းတွေကိုက်ညီတယ်ဆိုရင် အဲဒီ့ Photo Studio ကိုရွေးချယ်လို့ရပါတယ် ။

၃ – ဓါတ်ပုံဆရာနှင့် Makeup Artist & Stylist
ဓါတ်ပုံဆရာတိုင်းရဲ့ဓါတ်ပုံစတိုင်တွေက ပုံသေဖြစ်ပါတယ် ။ အားသာချက်တွေကတော့ အမျိုးမျိုးရှိကြပါတယ် ။ ကိုယ်ကြိုက်တဲ့ဓါတ်ပုံဆရာကိုရွေးချယ်ပြီးရင် Stylistနှင့် မိတ်ကပ်ဆရာ ကိုရွေးချယ်ပါတယ်။ Wedding Photo Studio အများစုက Stylist နှင့် Makeup Artist ကို တစ်ယောက်တည်းနှင့်သာ အလုပ်လုပ်ကြသည်။

သူတို့ရိုက်ကူးထားတာတွေကိုကြည့်တဲ့အခါ သင်ကြိုက်နှစ်သက်သော Makeup Look ကိုတွေ့ရင်မှတ်ထားသင့်ပါတယ် ။ Makeup Artist နဲ့ စကားပြောဆိုတဲ့အခါ ကိုယ်ကြိုက်နှစ်သက်တာကို ပြောပြရပါမယ် ။ သင်ကြိုက်နှစ်သက်တဲ့ မင်္ဂလာဝတ်စုံတွေကိုလည်း မှတ်ထားသင့်ပါတယ် ။ Stylist နဲ့တွေ့တဲ့အခါမှာ သင်ကြိုက်နှစ်သက်တဲ့မင်္ဂလာဝတ်စုံ နဲ့ သင်နဲ့သင့်လျော်ခြင်း ရှိလားတိုင်ပင်ရပါမယ်။

တစ်ချို့ စတူဒီယိုတွေက မင်္ဂလာဝတ်စုံတွေကိုအဆင့်များဖြင့်ခွဲခြားထားပါတယ်။ ဝတ်စုံတွေမရွေးခင် သတိထားရပါမယ် ။ ဈေးကြီးပေးပြီးဈေးပေါတဲ့ဝတ်စုံရွေးမိမှာစိုးလို့ပါ ။ ဈေးလျှော့ခိုင်းလို့ရရင် လျှော့ခိုင်းလို့ရပါတယ် ။ အကယ်၍ Styling နှင့် Makeup ကို စိတ်တိုင်းမကျပါက Make Artist နှင့် အချိန်မီတိုင်ပင်ပြီး အဆင်မပြေမှုများကိုဖွင့်ပြောပြပါ ။ သင့်ရဲ့ စိတ်တိုင်းမကျမှုတွေကို စိတ်ထဲမှာ မြိုသိပ်မထားပါနဲ့ ။

ဓါတ်ပုံဆရာကို ဓါတ်ပုံတစ်ပုံစမ်းရိုက်ခိုင်းကြည့်ပါ ။ ဓါတ်ပုံထဲမှာနဲ့ အပြင်နဲ့ ကွာခြားချက်အနည်းငယ်ရှိပါမယ် ။ ဓါတ်ပုံ ပုံထွက်လာရင်လည်း ကွာခြားချက်အနည်းငယ်ရှိပါမယ် ။ ဒါပေမယ့် အများကြီးတော့မဟုတ်ပါဘူး ။

ဓါတ်ပုံဆရာ တွေနဲ့ Stylist တွေနဲ့ မေးခွန်းများများမေးပြီး များများတိုင်ပင်မှသာ ထွက်လာတဲ့ဓါတ်ပုံတွေကို ကိုယ်စိတ်တိုင်းကျမှာပါ ။

၄ – ဓါတ်ပုံရိုက်ကူးခြင်းလုပ်ငန်းစဉ်အတွက် ကုန်ကျစရိတ် ညှိနှိုင်းခြင်း
ယနေ့ခေတ်မှာတော့ မဂ်လာဆောင်စတူဒီယိုတွေနဲ့ ဓာတ်ပုံစတူဒီယို တွေမှာ မပြောလည်းနားလည်ရမည့် စည်းကမ်းတွေ အများကြီး ရှိပါတယ်။ စရံငွေ အရင်ပေးရမယ်။ ရိုက်ကူးရေးစတင်တာနဲ့ ကျန်ငွေ အားလုံးပေးချေရမယ် ဆိုတာတွေပဲ ဖြစ်ပါတယ်။ သို့မဟုတ် ကျသင့်ငွေအားလုံးကိုတစ်ခါတည်းပေးချေလျှင် အထူးလက်ဆောင်များရနိုင်ပါတယ်။
အထူးသဖြင့် ကင်မရာသမားတွေ ကင်မရာစကိုင်တာနဲ့ ငွေအားလုံး ပေးချေပါ။ ပြီးမှ သိလိုသမျှကို မေးမြန်းပါ ။

ဒါကြောင့် ကြိုတင် စီစဥ်းထားမှုအားလုံး confirm ဖြစ်ထားမှ ပြည့်စုံတဲ့ စာချုပ်တစ်ခု ချုပ်ဆိုနိုင်မှာပါ။ ရွေးချယ်ထားတဲ့ product ကို လက်ဆောင်တောင်းမလား၊ စျေးနှုန်း လျှော့ခိုင်းမလား ဆိုတာရွေးချယ်ပြီး စျေးညှိနိုင်ပါတယ်။

၅ – Prewedding ရိုက်မည့် အချိန်ညှိနှိုင်း ဆုံးဖြတ်ခြင်း
ပထမဆုံး Indoor အတွက်ဝတ်စုံ ဘယ်နှစ်စုံ Outdoor အတွက်ဝတ်စုံဘယ်နှစ်စုံသုံးမလဲ ဆုံးဖြတ်ရပါမယ်။ Outdoor အတွက် နေရာတွေကို ရွေးချယ်ဆုံးဖြတ်ပါ။ Outdoor ဆိုရင် စီစဉ်စရာတွေအများအပြားရှိပါတယ်။ ဥပမာ ဓါတ်ပုံဆရာရဲ့ကားနားသွားမှာလား ၊ ကိုယ်ပိုင်ကားနဲ့ သွားမှာလား ? ၊ တချို့သော ရှုခင်းနေရာတွေ၊ ပန်းခြံဝင်ကြေးတွေ၊ လက်မှတ်ဖိုးတွေ ကို ဘယ်သူကရှင်းပေးရမှာလဲ? ၊ အကယ်၍နေ့လည်စာ စားရမယ်ဆိုရင်ဘယ်သူရှင်းပေးရမှာလဲ ? စတဲ့ အကြောင်းတွေ၊ ဆုံးဖြတ်စရာတွေ အများကြီးရှိနေပါသေးတယ်။

အကယ်၍ သင်မစဉ်းစားတတ်ဘူးဆိုရင် အဲဒီ့လုပ်ငန်းကို ကျွမ်းကျင်နေတဲ့ Customer Service ကို မေးကြည့်ပါ။ စာချုပ်ထဲမှာလည်း အထက်ပါအချက်တွေကို သေချာထည့်ရေးထားပါ။ တချို့အရာတွေက Customer တာဝန်ယူရမည့် အရာတွေ မဟုတ်လို့ပါ။ ဒီလိုအရာတွေနဲ့ ပြဿနာတက်ကြတဲ့သူတွေကို ကြုံဖူးနေလို့ပါ။

ဓာတ်ပုံစတူဒီယိုတွေနဲ့ လုပ်ငန်းလုပ်ဆောင်ချက် Lists ကို ဧည့်သည်ကတစ်စောင်ယူထားပြီး ထပ်တိုးတောင်းဆိုချက်တွေကိုဘေးနားမှာ မှတ်ထားပါ ။
Album ထဲထည့်ထားတဲ့ဓါတ်ပုံ ၊ Edit လုပ်ပြီးတဲ့ ဓါတ်ပုံတွေအပြင် ကျန်တဲ့ မရွေးတဲ့ဓါတ်ပုံတွေအကုန်လုံးပေးမှာလား ။ မပေးဘူးဆိုရင် ဘယ်လောက်ပေးဝယ်ရမလဲဆိုတာတွေကို ကြိုတင်မေးထားရပါမယ်။

၆ – Prewedding ဓာတ်ပုံစတင်ရိုက်ကူးခြင်း
Prewedding ဓာတ်ပုံရိုက်တဲ့အခါ ဆိုင်တွေက ဧည့်သည်တွေကို ဝတ်စုံစမ်းဝတ်ကြည့်ခိုင်းတာနဲ့ မိတ်ကပ်ကို အစမ်းလိမ်းပေးတတ်ကြပါတယ် ။

အလုပ်ရှုပ်တယ်လို့ မထင်ပါနဲ့ ။ စိတ်တိုင်းကျသည် အထိ စမ်းကြည့်ပါ။ ဓာတ်ပုံဆရာတွေ၊ မိတ်ကပ်ဆရာ တွေ၊Stylist တွေ နဲ့ ရင်းရင်းနှီးနှီး ပေါင်းထားပါ ။ သူတို့ကို အပြစ်မတင်ပါနဲ့။ သူတို့နဲ့ ကောင်းကောင်းမွန်မွန်တိုင်ပင်သင့်ပါတယ် ။

၇ – ဓါတ်ပုံရွေးခြင်း
ပုံမှန်က‌တော့ ဓါတ်ပုံတွေကိုဆိုင်မှာသွားရွေးရပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီမှာ ကြိုတင်ပြင်ဆင်ထားတဲ့ ဒီဇိုင်းဆန်းပုံစံတွေ နဲ့ Templates တွေ ရှိနေလို့ပါ။ဓါတ်ပုံရွေးပြီးလျှင် ဓါတ်ပုံတွေကို စပြင်ပေးတော့မှာပါ ။ ဓာတ်ပုံတွေကို ကြည့်ပြီး ပြုပြင်ဖို့လိုအပ်တဲ့ အရာတွေကို သေချာရှင်းပြပါ။

ဓါတ်ပုံတွေကိုရွေးပြီးတဲ့အခါ ဓါတ်ပုံကောင်းလေးတွေကိုမြင်ပြီး မြောက်မသွားပါနဲ့။ အေးဆေးတည်ငြိမ်မှု ရှိပါ။ဓါတ်ပုံတစ်ခုကိုရွေးတဲ့အခါ စိတ်ရှည်ရှည်ထားပါ။ သင်မလိုချင်ရင် ပွင့်ပွင့်လင်းလင်း ပြောပါ။

ဓါတ်ပုံကိုရွေးချယ်တဲ့အခါ Album တစ်ခုလုံးကို ဝတ်စုံတစ်စုံတည်းထည့်မှာလား ၊ ဝတ်စုံ မျိုးစုံ ထည့်မှာလား အရင်ဆုံးဖြတ်ရပါမယ် ။

၈ – ဓါတ်ပုံပြုပြင်ခြင်း
ဓါတ်ပုံပြုပြင်ခြင်းကို ဓာတ်ပုံစတူဒီယို တွေမှာဆိုရင် ဓါတ်ပုံပြုပြင်ပေးတဲ့အဖွဲ့သပ်သပ်ရှိပါ ။ ဓါတ်ပုံရွေးတဲ့အခါမှာ ဓါတ်ပုံထဲကပြုပြင်ချင်တဲ့ အသေးစိတ်နဲ့ ထူးခြားတဲ့ နေရာတွေကို ဓါတ်ပုံထဲမှာတစ်ခါတည်းအမှတ်အသားလုပ်ထားခိုင်းပါ ။ တောင်းဆိုချင်တာတွေကို Customer Service ကိုပြောပါ။ ဘာလို့လဲဆိုတော့ ဓါတ်ပုံပြုပြင်တဲ့အဖွဲ့ကနေ့စဉ်အလုပ်အရမ်းများတဲ့အတွက် အသေးစိတ်ကိုဂရုတစ်စိုက်နဲ့လိုက်မပြင်ပေးနိုင်လို့ပါ ။

ဓါတ်ပုံတွေ အများစုကပြုပြင်ဖို့ သိပ်ပြီးမလိုအပ်ပါဘူး။ အခုခေတ် လူတွေရဲ့ အမြင်က သဘာဝဆန်တာတွေနဲ့ အစစ်အမှန်ဖြစ်တာတွေကို သဘောကျ ကြလို့ပါ။

ဓါတ်ပုံကို ပြုပြင်ပြီးပြီ ဆိုရင်Email ပို့ပေးပါလိမ့်မယ်။ ဘယ်နေရာကောင်းတယ် ဘယ်နားလိုအပ်နေသေးတယ်ဆိုတာကို အိမ်မှာအသေးစိတ် ကြည့်နိုင်တယ်။အကောင်းဆုံးကတော့ ကိုယ့်မှာဓါတ်ပုံကို ပြင်ချင်တဲ့ အကြံဥာဏ်တွေရှိနေပြီး ဓါတ်ပုံပြုပြင်နေသည့် အချိန်နှင့် ဓါတ်ပုံယူတဲ့အချိန်မှာ ကိုယ်ဖြစ်ချင်တဲ့အကြံဥာဏ်တွေပါ မပါသေချာစစ်ကြည့်ပါ ။

၉ – ဓါတ်ပုံသွားယူချိန်
ဓါတ်ပုံသွားယူတဲ့အချိန်မှာ သူတို့ပေးသမျှပစ္စည်းအားလုံးကို သေချာစစ်ယူပြီးစိတ်ကျေနပ်မှု ရှိမရှိ ကြည့်ပါ ။ ကိုယ်ပြင်ခိုင်းထားတာတွေအားလုံးပြင်ပြီးသွားပြီလား တစ်ကယ်လို့ အားလုံးအဆင်ပြေ ကြိုက်နှစ်သက်လျှင် Congratulations ပါ ။ သင့်ရဲ့ Prewedding ရိုက်ကူးခြင်း အောင်မြင်စွာပြီးဆုံးသွားပါပြီ ။ အခြားစီစဉ်စရာတွေကို ဆက်ပြီးပြင်ဆင်ပါ ။

အပေါ်မှာဖော်ပြခဲ့တာတွေကို အဆင့်ဆင့်အတိုင်း လုပ်ဆောင်သွားမယ်ဆိုရင် သင့်ရဲ့Prewedding ဓါတ်ပုံရိုက်ကူးခြင်း ကို အဆင်ပြေချောမွေ့ပြီး ပြီးပြည့်စုံ စေမယ်လို့ယုံကြည်ပါတယ် ။

သတို့သား +သတို့သမီးတိုင်း သူတို့ရဲ့ Prewedding ဓါတ်ပုံကို စိတ်ကျေနပ်မှုရရှိစေဖို့ မျှော်လင့်ပါတယ်နော် ။

Leave a Reply

Your email address will not be published. Required fields are marked *