Cattleya Advance Professional Florist Training SEPT 2023 Orchid Grand Ballroom

တစ်နှစ်မှတစ်ကြိမ်သာ ဖွင့်လှစ်တဲ့ Professional Florist Training ကို သင်တန်းသားများ နှင့်အတူ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။🌸💗

ဒီသင်တန်းလေးမှာတော့ Ma Celia ကိုယ်တိုင် မင်္ဂလာပွဲတစ်ခုလုံးကို လက်‌တွေ့ကျကျ လုပ်ဆောင်နိုင်မယ့် ပန်းထိုးနည်းပညာကို သေချာအသေးစိတ် သင်ကြားပေးသွားတဲ့ အပြင် Wedding လောက ပန်းထိုးပညာရပ် အတွေ့အကြုံများစွာကိုလည်း မျှဝေပေးသွားခဲ့တာ ဖြစ်ပါတယ်။🌞

သင်တန်းသား သင်တန်းသူများ အနေနဲ့လည်း ပန်းထိုးပညာရပ်၊လက်မှုပညာရပ်ကို လက်‌တွေ့ခံစားပြီး ပညာများလည်းရရှိနိုင်မယ်လို့ ယုံကြည်ပါတယ်။

Orchid Grand Ballroom ခန်းမမှာ လက်တွေ့ ကျကျ အခြေခံပန်းထိုးနည်းပညာအပြင် တပွဲလုံးစာ ပန်းအလှဆင်နည်းများကို သင်ကြားပို့ချသွားခဲ့တာမှာဖြစ်တဲ့အတွက် သင်တန်းသား သင်တန်းသူများ အားလုံးလည်း အရမ်းကို ပျော်ရွှင်ကျေနပ် ခဲ့ကြပါတယ်။🫶🏻

သင်တန်းလေးရဲ့ ရည်ရွယ်ချက်ကတော့ ကိုယ်ပိုင် လုပ်ငန်းလုပ်ကိုင်လိုသူများ /

အလုပ်အကိုင် အခွင့်အလမ်းကို ဖန်တီးပေးချင်တဲ့အတွက် ရည်ရွယ်ပြီး ဖွင့်လှစ်‌ ပေးရခြင်း ဖြစ်ပါတယ်။📌❤️

နောက်နှစ်တွေမှာလည်း Wedding Decoration နဲ့ပတ်သက်ပီး အလုပ်အကိုင်အခွင့်အလမ်းကောင်းများ၊ တီထွင်ဖန်တီးနိုင်မှုများ အတွက် Cattleya Wedding ကနေပြီးတော့ အကောင်းဆုံးပုံဖော် သင်ကြားပေးသွားဖို့အတွက် ဆက်လက်ကြိုးစားသွားမှာ ဖြစ်ပါတယ်။😉💪🏼

Leave a Reply

Your email address will not be published. Required fields are marked *