တစ်နှစ်မှတစ်ကြိမ်သာ ဖွင့်လှစ်တဲ့ Professional Florist Training ကို သင်တန်းသားများ နှင့်အတူ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။
ဒီသင်တန်းလေးမှာတော့ Ma Celia ကိုယ်တိုင် မင်္ဂလာပွဲတစ်ခုလုံးကို လက်တွေ့ကျကျ လုပ်ဆောင်နိုင်မယ့် ပန်းထိုးနည်းပညာကို သေချာအသေးစိတ် သင်ကြားပေးသွားတဲ့ အပြင် Wedding လောက ပန်းထိုးပညာရပ် အတွေ့အကြုံများစွာကိုလည်း မျှဝေပေးသွားခဲ့တာ ဖြစ်ပါတယ်။
သင်တန်းသား သင်တန်းသူများ အနေနဲ့လည်း ပန်းထိုးပညာရပ်၊လက်မှုပညာရပ်ကို လက်တွေ့ခံစားပြီး ပညာများလည်းရရှိနိုင်မယ်လို့ ယုံကြည်ပါတယ်။
Orchid Grand Ballroom ခန်းမမှာ လက်တွေ့ ကျကျ အခြေခံပန်းထိုးနည်းပညာအပြင် တပွဲလုံးစာ ပန်းအလှဆင်နည်းများကို သင်ကြားပို့ချသွားခဲ့တာမှာဖြစ်တဲ့အတွက် သင်တန်းသား သင်တန်းသူများ အားလုံးလည်း အရမ်းကို ပျော်ရွှင်ကျေနပ် ခဲ့ကြပါတယ်။
သင်တန်းလေးရဲ့ ရည်ရွယ်ချက်ကတော့ ကိုယ်ပိုင် လုပ်ငန်းလုပ်ကိုင်လိုသူများ /
အလုပ်အကိုင် အခွင့်အလမ်းကို ဖန်တီးပေးချင်တဲ့အတွက် ရည်ရွယ်ပြီး ဖွင့်လှစ် ပေးရခြင်း ဖြစ်ပါတယ်။
နောက်နှစ်တွေမှာလည်း Wedding Decoration နဲ့ပတ်သက်ပီး အလုပ်အကိုင်အခွင့်အလမ်းကောင်းများ၊ တီထွင်ဖန်တီးနိုင်မှုများ အတွက် Cattleya Wedding ကနေပြီးတော့ အကောင်းဆုံးပုံဖော် သင်ကြားပေးသွားဖို့အတွက် ဆက်လက်ကြိုးစားသွားမှာ ဖြစ်ပါတယ်။