WEDDING PLANNING TIMELINE

၁၃-၁၅ လ မတိုင်မီ

  • သင့်ရဲ့မင်္ဂလာရက်ကိုရွေးရန်
  • ခန်းမနေရာကြည့်ရန်၊Booking ချိတ်ရန်
  • ဖိတ်ကြားမည့် ဧည့်သည်စာရင်း စရေးရန်
  • ပွဲအတွက်သုံးမည့် ဘတ်ဂျက်သတ်မှတ်ပါ
  • Wedding folder သို့မဟုတ် Pinterest board တစ်ခုပြုလုပ်ပါ

၁၀-၁၂ လ မတိုင်မီ

  • သတို့သမီးအရံများကိုမင်္ဂပွဲဖိတ်ကြားရန်
  • ၁၂ လ : ဓါတ်ပုံဆရာများ ၊ ဗွီဒီယိုဆရာများ ၊ အခမ်းအနားမှူး တို့ကို စတင်ရှာဖွေရန်
  • ၁၁ လ : ဓါတ်ပုံဆရာများ ၊ ဗွီဒီယိုဆရာများ ၊ အခမ်းအနားမှူး တို့ကိုBookingချိတ်ရန်
  • ပွဲအတွက် ကူညီပေးမည့် မိသားစု (သို့) သူငယ်ချင်းတစ်ဦးခေါ်ဆောင်ထားပါ

၇-၉ လ မတိုင်မီ

  • သင့်ရဲ့ မင်္ဂလာဝတ်စုံကိုအော်ဒါတင်ပါ
  • မင်္ဂလာလက်စွပ်အော်ဒါတင်ပါ
  • သတို့သမီးအရံများအတွက်ဝတ်စုံကြည့်ရန်
  • ဆံပင်+မိတ်ကပ် များအစမ်းလိမ်းကြည့်ရန်
  • ဆံပင်+မိတ်ကပ် တို့ကို Booking ချိတ်ရန်
  • DJ + ပန်းအလှဆင် တို့ကို Booking ချိတ်ရန်
  • ဖိတ်စာ ဒီဇိုင်းများကို စတင်ကြည့်ရှူ့ ပြီး ဧည့်သည်များစာရင်းကို အပြီးသတ်ပါ

၄-၆ လ မတိုင်မီ

  • ၆ လ : ဖိတ်စာများကို အော်ဒါတင်ပါ
  • သတို့သမီးအရံဝတ်စုံများကို အော်ဒါတင်ပါ
  • Prewedding ဓါတ်ပုံရိုက်ရန်
  • ပါဝင်မည့် အဖွဲ့များကို အတည်ပြုပါ
  • Passports သက်တမ်းစစ်ပါ
  • Honeymoonအတွက် Booking ချိတ်ရန်
  • ပါဝင်မည့် အဖွဲ့များနှင့် Group Chat ပြုလုပ်ပါ
  • သူငယ်ချင်းများနှင့် Group Chat ပြုလုပ်ပါ ၊ ပွဲရက်ကိုပို့ပေးပါ
  • Facebook Wedding Invitation Page တစ်ခုနှင့် Electronic Invitation Letter ပြုလုပ်ပါ

၃ လ မတိုင်မီ

  • သတို့သား : ဝတ်စုံအော်ဒါတင်ပါ
  • သတို့သမီး : မိတ်ကပ် ဆံပင်ပုံစံကို ဝတ်စုံနှင့်လိုက်ဖက်အောင်အတည်ပြုပါ
  • မင်္ဂလာပွဲနေ့သွားလာရေးအတွက် ကားများစီစဉ်ရန်
  • Dinner Menu ကိုဆုံးဖြတ်ရန်
  • အစားအသောက်များကို အရသာ သွားမြည်းကြည့်ရန်
  • သတို့သမီး ဓါတ်ပုံရိုက်ရန်တွက် ဟိုတယ်အခန်း Booking ချိတ်ရန်
  • အဝေးဧည့်သည်များအတွက် ဟိုတယ်အခန်းများကို ကြိုတင် Booking ချိတ်ရန်

၂ လမတိုင်မီ

  • မင်္ဂလာဆောင်တက်ရောက်သောမိဘများ၊ ပွဲတက်ရောက်သူများ တစ်ယောက်ချင်းစီအတွက် လက်ဆောင်များဝယ်ပါ
  • သင့်ရဲ့ပွဲအတွက်ရိုက်ချင်သည့်ရှုထောင့်ပုံစံနှင့် မိသားစုဝင်များ၏ ဓါတ်ပုံများကို ဓါတ်ပုံဆရာဆီပို့ပေးပါ
  • မင်္ဂလာပွဲအတွက် Bridal Robe ဝယ်ပါ
  • ဧည့်ခံစားပွဲတင်ကဒ်များပြုလုပ်ပါ

၁ လမတိုင်မီ

  • သတို့သမီးဝတ်စုံကိ Final Fitting လုပ်ပါ
  • သတို့သမီးအရံများနှင့် ဆက်သွယ်ပြီး သူတို့ရဲ့ဝတ်စုံများ အဆင်သင့် ဖြစ်ပြီလားသေချာအောင်စစ်ဆေးပါ
  • ပါဝင်မည့်အဖွဲ့များနှင့် နောက်ဆုံးအကြိမ် ညှိနှိုင်းမှုများပြုလုပ်ပါ
  • မင်္ဂလာပွဲအစီအစဉ်များ ရေးဆွဲပါ
  • ခန်းမနှင့် အတူ နောက်ဆုံးလူဦးရေကိုအတည်ပြုပါ
  • DJ နှင့်အတူ သီချင်းများကိုနောက်ဆုံးအတည်ပြုပါ
  • ဧည့်သည်ထိုင်ရန်နေရာအစီအစဉ်များရေးဆွဲပါ
  • Waxing နှင့် လက်သည်းအလှဆင်ရက်ချိန်း Booking ချိတ်ရန်
  • မင်္ဂလာကတိသစ္စာစကားများကို စိတ်ကူးပြီးရေးသားထားပါ
  • ဖိတ်စာများစတင်ဖိတ်ကြားပါ
  • Bridal Shower နှင့် Bachelorette Party တက်ရောက်ပါ

၁-၂ ပတ်မတိုင်မီ

  • မင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးပွဲ (သို့) မင်္ဂလာဦးဆွမ်းကပ်ပွဲကျင်းပရန်
  • သင်၏နောက်ဆုံးဆံပင်ပုံစံနှင့် အရောင်ကိုရယူပါ
  • ပါဝင်မည့်အဖွဲ့များအတွက် မင်္ဂလာပွဲနေ့အစီအစဉ်များကိုရေးဆွဲပါ
  • ပါဝင်မည့်အဖွဲ့များအားလုံးကို နောက်ဆုံးအစည်းအဝေးခေါ်ပြီး အစီအစဉ်များအားအတည်ပြုပါ
  • ကားအကူများသို့ဖုန်းဆက်ပြီး လာခေါ်ရမည့်အချိန်+ နေရာများကို အတည်ပြုပါ
  • ၃-၅ ရက် : အားလုံးကို Print ထုတ်ပါ ( နေရာကဒ်များ ၊ စားပွဲကဒ်များ ၊ မီနူးကဒ်များ ၊ အထူးဧည့်သည် + ထိုင်ခုံအစီအစဉ်များ )
  • ၃-၅ ရက် : Waxing နှင့် လက်သည်းအလှဆင်သွားရန်

မင်္ဂလာပွဲရက်မတိုင်မီ

  • မင်္ဂလာဆောင်နေ့တွင်အရေးပေါ်လိုအပ်ပါက ခေါ်ဆိုရန်ပါဝင်သည့်အဖွဲ့အားလုံး၏ ဖုန်းနံပါတ်များယူထားရန်
  • ပါဝင်မည့်အဖွဲ့များအတွက် ဂရုစိုက်ရမည့်အချက်များရေးပါ
  • မင်္ဂလာဆောင်ခန်းမသို့ သယ်ဆောင်သွားမည့် ပစ္စည်းများနှင့် ဟိုတယ်သို့သယ်ဆောင်သွားမည့် ပစ္စည်းများကို သီးခြားစီခွဲထည့်ထားပါ
  • အရေးပေါ်လိုအပ်တတ်သော ပစ္စည်းများကို ဆောင်ထားပါ
  • ပွဲအစီအစဉ်များကို အစမ်းလေ့ကျင့်ပါ

မင်္ဂလာပွဲရက်

  • မိဘများအတွက် လက်ဆောင်များ နှင့် အခြားသူများအတွက်လက်ဆောင်များယူရန်
  • မင်္ဂလာပွဲအခမ်းအနားအတွက် မင်္ဂလာလက်စွပ်ကို တာဝန်ခံတစ်ယောက်ကို ပေးထားပါ
  • ဓါတ်ပုံဆရာများက ရိုက်ကူးရမည့် အရေးကြီးဧည့်သည်များကို မကျန်ခဲ့စေရန် မိသားစုဝင် (သို့) ရင်းနှီးသော သူတစ်ဦးမှ ကူညီပေးရန်
  • စက္ကန့်တိုင်းရဲ့ ပျော်ရွှင်မှုကို ခံစားစေပါ