TERMS & CONDITIONS

ကြိုတင်စရံငွေနှင့် ငွေပေးချေမှုစနစ်များ

  • မင်္ဂလာပွဲရက်နှင့် ပွဲအချိန်ကိုကြိုတင်စာရင်းသွင်းပြီး ပွဲအပ်မည်ဆိုပါက ကြိုတင်စရံငွေ ၅၀၀,၀၀၀ကျပ်ပေးသွင်းပြီး ပွဲစီစဉ်သူနှင့် သသောတူညီမှုလက်မှတ်ရေးထိုးရပါမည်။ လူကြီးမင်းတို့ဘက်မှအကြောင်းတစ်စုံတစ်ရာကြောင့် ပွဲမအပ်ဖြစ်ခဲ့လျှင် ပွဲရက်ချန်ထားရန်အတွက် ပေးသွင်းထားသည့် စရံငွေကိုပြန်အမ်းပေးခြင်း၊ အခြားဝန်ဆောင်မှုအစားထိုးဆောင်ရွက်ပေးခြင်းများမပြုလုပ်ပေးပါ။
  • လူကြီးမင်းတို့လိုအပ်ချက်နှင့် သင့်တော်သော ဒီဇိုင်းနှင့်ဈေးနှုန်းများကိုတင်ပြပေးပြီးဆုံးဖြတ်အတည်ပြုပြီးလျှင်စရံငွေ ၆၀% ကိုပေးသွင်းပေးရပါမည်။ စရံငွေလက်ခံပြီးသည်နှင့် အလုပ်အားလုံးကိုစတင်ဆောင်ရွက်ပါမည်။
  • အသေးစိတ်ဒီဇိုင်းအစီအစဉ်များကိုတင်ပြပေးပြီးပါက စရံငွေ ၃၀% ထပ်မံပေးသွင်းရပါမည်။ပွဲအတွက်လိုအပ်သည့်ပစ္စည်းများကို ဝယ်ယူသည့်ကုန်ကျစရိတ်များရှိသောကြောင့်စရံငွေထပ်မံပေးသွင်းရသည်ကို နားလည်ပေးစေချင်ပါသည်။
  • နောက်ဆုံးကျန်ငွေ ၁၀ % ကိုပွဲတွင်ပါဝင်မည့်အဖွဲ့များနှင့် နောက်ဆုံးအစည်းအဝေးပြုလုပ်ချိန်တွင် ပေးသွင်းပေးရပါမည်။ လုပ်ငန်းအားပေးသွင်းထားသည့် စရံငွေအားလုံးကိုပါဝင်သည့်အဖွဲ့ဝင်များကိုငွေပေးချေမှုများဆောင်ရွက်ပေးပါသည်။ ပေးချေပြီးသောငွေများကိုပြန်အမ်းမပေးပါ။

အော်ဒါပြောင်းလဲခြင်းများ

  • ဘောင်ချာတွင်ကျသင့်သော ဝန်ဆောင်မှုကျသင့်ငွေစုစုပေါင်းကိုလူကြီးမင်းတို့ကရှင်းပေးရပြီးဧည့်သည်များကြောင့်ပွဲအတွင်းဌားရမ်းပစ္စည်းများပျက်ဆီးဆုံးရှုံးမှုဖြစ်ပေါ်လာပါကလူကြီးမင်းတို့ဘက်မှတာဝန်ယူဖြေရှင်းပေးရပါမည်။
  • ပွဲစီစဉ်သူနှင့်သ‌ဘောတူညီချက်အရ အလှဆင်ပစ္စည်းဇိုင်းများကိုစိတ်ကြိုက်ပြင်ဆင်ရွေးချယ်နိုင်ပါသည်။ ဈေးနှုန်းညှိနှိုင်းပြီးပစ္စည်းများကို ဝယ်ယူပြီးသည်နှင့် လူကြီးမင်းတို့ဘက်မှ ဝယ်ယူပြီးသောပစ္စည်းများကို ဈေးနှုန်းလျှော့ခြင်း၊ မလိုတော့သောကြောင့်အရေအတွက်လျှော့ချခြင်းများကိုမပြုလုပ်ပေးပါ။
  • အကယ်၍ ဧည့်သည်အရေအတွက်တိုးလာသောကြောင့် ပွဲစီစဉ်သူက ထပ်တိုးဆောင်ရွက်ပေးရသည့် ပစ္စည်းများအတွက် ကျသင့်ငွေကိုထပ်တိုးဘောင်ချာတွက်ပေးပါမည်။ အလှဆင်မည့်အစီအစဉ်နှင့်ဒီဇိုင်းများကိုပွဲမတိုင်မီ ၂ပတ်အလိုတွင်မပြောင်းလဲရတော့ပါ။

ပစ္စည်းများပျက်ဆီးမှုနှင့် ဆုံးရှုံးမှုများ

  • လူကြီးမင်းများဘက်မှမည်သည့်ပစ္စည်းခြင်းများမဆိုတာဝန်ယူပေးရပါမည်။
  • ပစ္စည်းများပျက်ဆီးခြင်းနှင့် ပျောက်ဆုံးခြင်းများအတွက် ပစ္စည်းတန်ဖိုးအလိုက်ကျသင့်ငွေများကိုအပြည့်ရှင်းပေးရပါမည်။
  • အကယ်၍ လူကြီးမင်းတို့ဖိတ်ကြားထားသောဧည့်သည်မှ အလှဆင်ပစ္စည်းများကိုယူဆောင်သွားခဲ့လျှင် ( ဥပမာ – centerpieces , decorative accents ,etc…..)ဒီပစ္စည်းတွေဟာအလှဆင်အဖွဲ့ကပိုင်ဆိုင်ပြီး ဌားရမ်းပေးထားသောပစ္စည်းများဖြစ်လို့ လူကြီးမင်းတို့ဘက်မှကုန်ကျစရိတ်များကိုပြန်လည်ပေးချေပေးရပါမည်။

မတော်တဆဖြစ်ခြင်းများ

  • လူကြီးမင်း (သို့) ဧည့်သည်များ (သို့) ခန်းမဝန်ထမ်းများအမှားကြောင့်အလှဆင်နှင့်ပတ်သတ်သောမတော်တဆမှုများ သို့မဟုတ် ထိခိုက်ဒဏ်ရာရရှိမှုများကိုပွဲစီစဉ်သူတို့ဘက်မှတာဝန်မယူပေးပါ။

တာဝန်ယူမှုအတိုင်းအတာ

  • အကယ်၍ပွဲစီစဉ်သူများသည်မထင်မှတ်ထားသောဖြစ်စဉ်များ ( ဥပမာ – မတော်တဆမှု ၊ သေဆုံးမှု၊ ရာသီဥတုအလွန်ဆိုးဝါးခြင်း သို့မဟုတ် ခန်းမ၏မလုံခြုံသောအခြေအနေများ )ကြောင့် ဝန်ဆောင်မှုများမပြီးမြောက်ပါက ပွဲစီစဉ်သူသည် ဝန်ဆောင်မှုမပြီးစီးခြင်းအတွက် တာဝန်မရှိပါ။ ပွဲစီစဉ်သူမှ ဧည့်သည်အတွက်ငွေတစ်စိတ်တစ်ပိုင်းပြန်အမ်းပေးခြင်း သို့မဟုတ် ဝန်ဆောင်မှုအတွက်ရက်ပြောင်းရွေ့ခြင်းစတဲ့ အကျိုးအ‌ကြောင်းဆီလျော်သောသဘောတူညီမှုတစ်ခုကို ညှိနှိုင်းဆောင်ရွက်ပေးပါမည်။

အလှဆင်ပစ္စည်းများ၏ပိုင်ဆိုင်မှု

  • သဘောတူညီချက်တွင် သဘောတူထားသည့်အတိုင်း အလှဆင်ပေးထားသောပစ္စည်းများအားလုံးသည် အလှဆင်အဖွဲ့၏ပိုင်ဆိုင်မှုများသာဖြစ်သည်။

ပွဲနေရာလိုက်လံကြည့်ရှု အကြံပေးခြင်း

  • လူကြီးမင်းတို့အတွက် ပထမဆုံးအနေနှင့်ပွဲအလှဆင်ဒီဇိုင်းများ အကြံပေးနိုင်ရန်ပွဲနေရာကိုအခမဲ့လိုက်လံကြည့်ရှုဆွေးနွေးပေးပါမည်။ အခြားမြို့များကခန်းမများသို့ လိုက်လံကြည့်ရှုဆွေးနွေးပေးရမည်ဆိုပါက ခရီးစရိတ်များကိုနှစ်ဦးနှစ်ဖက်တိုင်ပင်ဆွေးနွေးပြီးကောက်ခံပါမည်။ အလှဆင်အသေးစိတ်အစီအစဉ်ကိုပွဲမတိုင်မီ ၂ ပတ်နောက်ဆုံးထားပြီး လူကြီးမင်းတို့ဘက်မှဆုံးဖြတ်ပေးရပါမည်။

ပွဲအလှဆင်ခြင်း စီစဉ်မှုများ

  • ပွဲစီစဉ်သူက အလှဆင်ရန်လိုအပ်သောပစ္စည်းများစီစဉ်နိုင်ရန်အတွက်တက်ရောက်မည့်ဧည့်သည်အရေအတွက်ကို လူကြီးမင်းတို့ဘက်မှပွဲစီစဉ်သူဆီသို့ဆက်သွယ်ပြောပေးရပါမည်။
  • အလှဆင်သူများအလုပ်လုပ်ဆောင်ရန်အတွက်ပွဲဆင်ချိန်ကို အနည်းဆုံး ၂ နာရီစီစဉ်ပေးရန် ခန်းမနှင့်သဘောတူညီချက်ယူပေးရပါမည်။ အချို့ပွဲများတွင်အလှဆင်ရမည့်ပုံစံများ လိုအပ်ချက်များကိုမူတည်ပြီး အချိန်ပိုလိုအပ်တတ်ပါသည်။ အကယ်၍ ခန်းမကပွဲမတိုင်မီရှေ့တစ်ရက်ကိုအလှဆင်ရန်ကြိုတင်ဝင်ခွင့်ပြုပါကပွဲအခမ်းအနားကိုလိုအပ်ချက်မရှိစေရန်ပိုမိုအားထုတ်လုပ်ဆောင်နိုင်ပါသည်။ အချိန်များစွာပေးပြီး အလှဆင်ထားသောပစ္စည်းများကိုပြန်ဖျက်ရန်အတွက်လည်းအချိန်လိုအပ်ပါသည် ။ထို့ကြောင့်ပစ္စည်းများဖြုတ်သိမ်းရန်အချိန်ကိုလည်းအနည်းဆုံး ၂ နာရီပေးပေးပါရန်ခန်းမနှင့်ညှိနှိုင်းပေးရပါမည်။

ပွဲအလှဆင်အတွက် ကုန်ကျစရိတ်များ

  • ပွဲအလှဆင်အတွက် ကုန်ကျစရိတ်များသည် ဧည့်သည်လိုအပ်သောဝန်ဆောင်မှုအမျိုးအစား၊ အလှဆင်ပစ္စည်းများနှင့်မျှော်မှန်းထားသည့်ခန့်မှန်းဘတ်ဂျက်ပေါ်အခြေခံခြင်းဖြစ်ပါသည်။
  • မန္တလေးမြို့ပြင်ပတွင်ရှိသောမြို့များသို့လိုက်လံပြင်ဆင်ပေးရပါက နယ်လိုက်ခထပ်မံကျသင့်ပါမည်။
  • အကယ်၍ ဧည့်သည်အရေအတွက်ပြောင်းလဲသွားပါက ပွဲစီစဉ်သူကိုအကြောင်းကြားပေးရပါမည်။ ပွဲစီစဉ်သူအားအကြောင်းကြားခြင်းမရှိပါက ပွဲစီစဉ်သူသည်ဝန်ဆောင်မှုလိုအပ်ချက်များအတွက်တာဝန်မရှိပါ။

ပွဲဖျက်သိမ်းမှု

ကျေးဇူးပြုပြီး ပွဲဖျက်သိမ်းမှုမပြုမီ အောက်ပါအချက်များကိုသေချာစွာစဉ်းစားပေးပါ။

  • ပွဲအလှဆင်ကို ( ၈ ) ပတ်မတိုင်မီဖျက်သိမ်းပါက ပွဲအတွက်ကျသင့်ငွေ၏ ၅၀% ကိုကောက်ခံပါမည်။ ( ပွဲရက်ချန်ထားရန်ပေးထားသည့်စရံကိုပြန်မအမ်းပေးပါ )
  • ( ၂ )ပတ်အတွင်း ပွဲဖျက်သိမ်းပါက လူကြီးမင်းတို့ဘက်မှပေးသွင်းပေးထားသည့်စရံငွေများအပြင် ပွဲအတွက်ကျန်ငွေအားလုံးကိုပါပေးချေပေးရပါမည်။ ပွဲအတွက်ကြိုတင်ပြင်ဆင်ထားသည့်အတွက်ကုန်ကျစရိတ်များ ၊ ဝယ်ယူထားသောပစ္စည်းများ၏ ကုန်ကျစရိတ်များနှင့် ဆုံးရှုံးသွားသောလုပ်အားခများရှိသောကြောင့်ဖြစ်သည်။
  • ဖျက်သိမ်းရန်တောင်းဆိုချက်အားလုံးကို ပွဲစီစဉ်သူထံသို့စာဖြင့် အကြောင်းကြားခြင်း ၊ Email ပေးပို့ခြင်းများဖြင့် ဆက်သွယ်အတည်ပြုပေးရပါမည်။