Cattleya Wedding  Planning

ကျွန်ုပ်တို့သည် လူကြီးမင်းတို့၏ တစ်သက်မှတစ်ခါ ကျင်းပသောအထိမ်းအမှတ်ပွဲအားလုံးကို ဝန်ဆောင်မှုအပြည့်ဖြင့် ဆောင်ရွက်ပေးသော မင်္ဂလာပွဲစီစဉ်ခြင်းကုမ္ပဏီ တစ်ခုဖြစ်ပါသည်။ Cattleya Wedding ကသင်တို့၏စိတ်ကူးများကိုအမှန်တကယ်ဖြစ်လာစေရန် အကောင်းဆုံးဆောင်ရွက်ပေးပါမည်။ သင်တို့၏ပွဲအမျိုးမျိုးကျင်းပရန်စီစဉ်ရာတွင် ကူညီနိုင်ရန်ပွဲစီစဉ်သူရှိဖို့ လိုအပ်ပါသည်။ ကျွန်ုပ်တို့ကသင်တို့ပွဲတွင်အသေးစိတ်အကျဆုံး အချက်အလက်များကို မလစ်လပ်စေရန် ကူညီစီစဉ်ပေးနိုင်ပါလိမ့်မည်။


ကျွန်ုပ်တို့၏ပွဲစီစဉ်သူများသည် သင်တို့၏ပွဲအတွက်လိုအပ်သော ဒီဇိုင်းဆွဲခြင်း ၊ ပွဲစီစဉ်ခြင်းတို့တွင် သင်တို့လိုချင်သောစတိုင်နှင့် သင်တို့၏ကိုယ်ရည်ကိုယ်သွေးကို တောက်ပစေရန်အကြံပေးညှိနှိုင်းပေးနိုင်ပါလိမ့်မည်။


ကျွန်ုပ်တို့၏အဓိကရည်ရွယ်ချက်မှာ သင်တို့နှင့်ရင်းနှီးသောဆက်သွယ်မှုများတည်ဆောက်နိုင်ပြီး သင်တို့၏ပွဲအတွက်မျှော်မှန်းချက်များကို ကောင်းစွာသဘောပေါက်နားလည်၍ ထူးခြားသောမင်္ဂလာပွဲများကို ဖန်တီးပေးနိုင်ရန်ဖြစ်ပါသည်။ပွဲစီစဉ်သူနှင့်သင်တို့ကြားဖော်ရွေရင်းနှီးသော ၊ သက်တောင့်သက်သာဖြစ်စေသောဆက်ဆံရေးများကိုတည်ဆောက်နိုင်စေခြင်းဖြင့်သင်တို့၏ယုံကြည်မှုကိုထိန်းသိမ်းထားနိုင်မည်ဟု ကျွန်ုပ်တို့ယုံကြည်ပါသည်။ ကျွန်ုပ်တို့၏စိတ်ဓါတ်ပြင်းပြမှုသည် ချစ်သူစုံတွဲများကို ချစ်ခြင်းမေတ္တာနှင့်ဆက်ဆံပြီး ကြွရောက်လာကြသော အသိမိတ်ဆွေများနှင့် လှပသောမင်္ဂလာပွဲကို အတူဂုဏ်ပြုနိုင်ရန်ဖန်တီးပေးခြင်းဖြစ်ပါသည်။

ဘာကြောင့်မင်္ဂလာပွဲစီစဉ်သူကိုဌားသင့်တာလဲ?

•ကျွမ်းကျင်သောပွဲစီစဉ်သူဌားရမ်းခြင်းသည် အောင်မြင်သောမင်္ဂလာပွဲတစ်ပွဲ (သို့) အခမ်းအနားပွဲတစ်ပွဲ၏ အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။ ထိုသို့ဌားရမ်းခြင်းဖြင့် သင်တို့၏ အချိန် ၊ငွေ နှင့် အခြားမလိုအပ်သောစိတ်ဖိစီးမှုများကို သက်သာစေပါသည်။ ကျွန်ုပ်တို့၏နှစ်ပေါင်းများစွာအတွေ့အကြုံများအရ လှပပြီးအောင်မြင်သောအခမ်းအနားပွဲများကိုဖန်တီးလုပ်ဆောင်ရန်မြန်မာနိုင်ငံ၏ထိပ်တန်းကျွမ်းကျင်သော ကုမ္ပဏီများ ( Wedding Suppliers )နှင့် ကောင်းမွန်သောဆက်ဆံရေးများတည်ဆောက်ပြီးဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ပွဲအစီအစဉ်တစ်ခုလုံးကိုပျော်ရွှင်စွာဖြတ်သန်းနိုင်ရန်သင်နှင့်အတူအလုပ်လုပ်ပြီး မင်္ဂလာဆောင်စီစဉ်ခြင်း ၊ ပြင်ဆင်ခြင်းနှင့် ညှိနှိုင်းခြင်းများကို ဂရုတစိုက်ကူညီပေးပါသည်။

•ကျွန်ုပ်တို့ကို ပွဲစီစဉ်သူများအဖြစ်ရွေးချယ်သောဧည့်သည်များသည် Fun , Stylish , Modern , Romantics ဆန်ကြသည်။ သူတို့၏ မင်္ဂလာပွဲ(သို့) အခမ်းအနားပွဲအတွက် လှပတင့်တယ်ပြီးစွဲမက်ဖွယ်ကောင်းသော ကိုယ်ပိုင်စတိုင်များကိုထင်ဟပ်နိုင်ရန်နှင့် ပွဲစီစဉ်ခြင်းလုပ်ငန်းစဉ်တစ်လျှောက်လုံးသူတို့ကိုလမ်းညွှန်ကူညီပေးမည့်သူတစ်ဦးကိုရှာကြသည်။

မင်္ဂလာပွဲစီစဉ်ခြင်းဝန်ဆောင်မှုများ :

ပြည့်စုံသောမင်္ဂလာပွဲစီစဉ်ခြင်းဝန်ဆောင်မှုသည် သင်တို့၏မင်္ဂလာဆောင်နေ့ကို အမှတ်တရ ဖြစ်စေတဲ့ အရင်းအမြစ်များရရှိစေရန် လမ်းညွှန်မှုနှင့် ကျွမ်းကျင်မှုများ ဖြင့်ထောက်ပံ့ပေးပါသည်။ ကျွန်ုပ်တို့သည် သင်၏မင်္ဂလာပွဲကိုစိတ်ဖိစီးမှုကင်းပြီး လုပ်ငန်းစဉ်တစ်ခုလုံးတွင် ပျော်မွေ့စေရန် အပြည့်အဝစီစဉ်ပေးခြင်း ၊ပြင်ဆင်ပေးခြင်း နှင့် ညှိနှိုင်းပေးခြင်းတို့ကို ဂရုစိုက်ဆောင်ရွက်ပေးပါသည်။

ရရှိနိုင်သည့် မင်္ဂလာဆောင်Packages များ၊ နှစ်သက်သောမင်္ဂလာဆောင်အမျိုးအစားနှင့် မင်္ဂလာပွဲ ဘတ်ဂျက်အကြောင်းများဆုံးဖြတ်ရန်သင်နှင့်အတူ ကနဦးညှိနှိုင်းဆောင်ရွက်ခြင်းများပြုလုပ်ခြင်း

ခန်းမရွေးခြယ်ခြင်းများအပြင် ဖျော်ဖြေရေး အစားအသောက်နှင့်ကြိုက်နှစ်သက်သော အလှဆင်များစသည့် မင်္ဂလာပွဲအသေးစိတ်များကို သင်နှင့်အတူ ဆွေးနွေးပေးခြင်း

•သင့်တော်သောမင်္ဂလာခန်းမများသို့သွားရောက်ကြည့်ရှုခြင်း၊ ကျွမ်းကျင်သော ကုမ္ပဏီများ ( Wedding Suppliers) နှင့်တွေ့ဆုံရန်အစည်းအဝေးများစီစဉ်ပေးခြင်း

•ကျွမ်းကျင်သောကုမ္ပဏီများ (Wedding Suppliers) ရွေးချယ်ပေးခြင်း ၊ရွေးချယ်ထားသောကျွမ်းကျင်သောကုမ္ပဏီများ (Wedding Suppliers)နှင့် လိုအပ်သောငွေပေးချေမှုများ ပြုလုပ်ပေးခြင်းများအတွက် သင်နှင့်အတူစေ့စပ်ညှိနှိုင်းပေးပြီး စာချုပ်များချုပ်ခြင်း

•မင်္ဂလာပွဲအစီအစဉ်များဖန်တီးရေးဆွဲပေးခြင်း နှင့် ကျွမ်းကျင်သော ကုမ္ပဏီများ ( Wedding Suppliers) အားလုံးနှင့်အတူ အစမ်းလေ့ကျင့်ခြင်း အစည်းအဝေးများစီစဉ်ပေးခြင်း

•မင်္ဂလာပွဲနေ့တွင်အစစအရာရာ ချောမွေ့စွာလည်ပတ်နိုင်ရန်အစီအစဉ်အားလုံးကိုစောင့်ကြည့်ပေးခြင်း

ပွဲစီစဉ်သူနှင့် အလုပ်လုပ်ခြင်းသည် သင်၏မင်္ဂလာပွဲနေ့ကို အောင်မြင်စွာကျင်းပနိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုတစ်ခုပြုလုပ်ခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏မင်္ဂလာပွဲစီစဉ်ခြင်းဈေးနှုန်းများသည်သင်တို့လိုအပ်သော အစီအစဉ်များပေါ်မူတည်၍ ပျမ်းမျှ ၂၀၀,၀၀၀ကျပ် မှစပြီး ၁,၀၀၀,၀၀၀ကျပ်အထိရှိပါသည်။ ကျွန်ုပ်တို့၏ဝန်ဆောင်မှုအရည်သွေးများကိုဆက်လက်ထိန်းသိမ်းထားရန်အတွက် မင်္ဂလာဆောင်ရာသီ တစ်ရာသီကို ဧည့်သည်အရေအတွက်များကန့်သတ်ထားပါသည်။

Our Team with Brides & Grooms:

Some of Our Portfolio: