စိတ်ကူးထဲက Wedding


စိတ်ကူးထဲက မင်္ဂလာပွဲအတွက် ဘယ်လိုကြိုတင်ပြင်ဆင်မလဲ ?

မင်္ဂလာပွဲဆိုတာ ဘဝတစ်သက်သာမှာ အရေးကြီးဆုံး ပွဲကြီးတစ်ပွဲပါပဲ။ ကိုယ့်မင်္ဂလာ ပွဲအတွက် Planning ကိုရွေးချယ်တဲ့အခါ ရွေးချယ်မှုမှန်ကန်မှ စိတ်ကူး ထဲက မင်္ဂလာပွဲကြီးက လက်တွေ့ အကောင်အထည် ပေါ် လာပြီး ပျော်ရွှင်နိုင်မှာပါ။ မှားယွင်းစွာ ရွေးချယ်ခဲ့မိရင်တော့ စိတ်ရှုတ်ထွေးရပြီး နောင်တတွေနဲ့ ကျန်ရှိနေမှာပါ။

ကိုယ်နဲ့ အသင့်တော်ဆုံး Wedding Planning ကို ဘယ်လိုရွေးမလဲ?

Wedding Planning Service ပေးတဲ့ အဖွဲ့ကို ( ၂ )မျိုးခွဲခြားနိုင်ပါတယ် ။ တစ်မျိုးက အတွေ့အကြုံရှိကျွမ်းကျင်ဝန်ထမ်းတွေစီစဥ◌်ပေးနေတဲ့ ကုမ္ပဏီကြီး ဖြစ်ပြီး နောက်တစ်မျိုးကတော့ planning အလုပ်ကို နားလည်သောလူအနည်းငယ် ( Private Planner)နဲ့ ဖွဲ့စည်းထားပြီးဖွင့်လှစ်ထားသော ရုံးခန်း တို့ ဖြစ်ပါတယ် ။ Wedding Planning အဖွဲ့ ရွေးချယ်မှုက မင်္ဂလာပွဲစီစဥ်ချိန်တစ်လျှောက် သတို့သား/သမီး ရဲ့ ခံစားချက်ကောင်းမွန်မှု နဲ့ ပွဲနေ့အတွင်း ပွဲအဆင်ပြေချောမွေ့မှုနဲ့အရမ်းသက်ဆိုင်တဲ့အတွက် ရွေးချယ်မှုမှန်ကန်ဖို့အလွန်အရေးကြီးပါတယ် ။

၁ – ပဏာမ စိစစ်မှု

မင်္ဂလာပွဲအမျိုးအစားကိုကြည့်ပြီး Planning အဖွဲ့ကိုရွေးချယ်ခြင်း :

ပွဲအကြီးစားတွေ / ပွဲအလတ်စားတွေ၊ / ရိုးရာမင်္ဂလာပွဲတွေ / Package Wedding

— Wedding ကုမ္ပဏီ တွေကိုရွေးချယ်သင့်ပါတယ် ။

အလယ်လတ်မင်္ဂလာပွဲ / မင်္ဂလာ အသေးလေး / အနောက်တိုင်း Wedding လေး / လူအနည်းငယ်နဲ့ ကျင်းပပြုလုပ်တဲ့ပွဲ / ထူးခြားဆန်းသစ်တဲ့ ပွဲလေး

— Private Planner တွေကိုရွေးချယ်သင့်ပါတယ် ။

Wedding ကုမ္ပဏီ : အားသာချက်ကတော့ ဝန်ထမ်းအလုံအလောက်ရှိခြင်း ၊ ပစ္စည်းသိုလှောင်စရာ နေရာလုံလုံလောက်လောက်ရှိခြင်း တို့ကြောင့် Wedding ပွဲကြီးတွေ ပြင်ဆင်ပေးတဲ့အခါ ပိုမိုယုံကြည်စိတ်ချလို့ရပါတယ် ။ Package wedding တွေအတွက်ဆိုရင်လည်း ပစ္စည်းကောင်းမွန်စွာသိုလှောင်ထားနိုင်လို့ ဈေးနှုန်းကိုလည်း သက်သာစွာနဲ့ စီစဥ်ပေးနိုင်ပါတယ် ။

Private Planner : သူ့ရဲ့အားသာချက်ကတော့ ဧည့်သည်ရဲ့ စတိုင်အလိုက် လိုက်ဖက်တဲ့ပုံစံတွေကို ဝန်ဆောင်မှုပေးပါတယ်။ ပွဲလုပ်ငန်းစဥ်တွေမှာလည်း ပုံသေမသတ်မှတ်ထားဘဲ ပေါ့ပေါ့ပါးပါးနဲ့ စိတ်တိုင်းကျ ပြောင်းလဲမှုတွေကိုလုပ်ဆောင်ပေးပါတယ် ။

Planning Portfolio အရ Planning အဖွဲ့ရွေးချယ်ခြင်း :

Planning အဖွဲ့ ကိုရွေးချယ်တဲ့အခါ လုပ်ငန်းစတင်ရန်အကောင်းဆုံး နားလည်သူကိုရွေးချယ်ခြင်း နှင့် သင်ကြိုက်နှစ်သက်သောအပြင်အဆင်ပုံစံများအရ ပဏာမရွေးချယ်မှုတစ်ခုကိုပြုလုပ်ပါ။

Wedding ကုမ္ပဏီ: ပုံမှန်အားဖြင့် ရွေးချယ်လို့ရတဲ့ Planner တွေလည်းများပြီး သူတို့လုပ်ဖူးတဲ့ Design တွေ ၊စီစဥ်ပေးခဲ့တဲ့ အပြင်အဆင်တွေလည်း များပါတယ်။ သူတို့ရဲ့ ကြီးကျယ်ခမ်းနားပြီး ခန့်ငြားတဲ့အပြင်အဆင်တွေက လူအများစုရဲ့မင်္ဂလာဆောင်အပေါ်ထင်မြင်ထားတဲ့ အယူအဆတွေ ၊ အကြိုက်တွေနဲ့ ကိုက်ညီပါတယ် ။

Private Planner : သူတို့ကတော့ သူတို့ရဲ့အမြင် ၊ သူတို့ရဲ့အကြိုက်ပုံစံများကို အခြေခံသောကြောင့် သူတို့၏ပွဲဒီဇိုင်းပိုင်း အပြင်အဆင်ပုံစံတွေက တည်ငြိမ်ပါတယ်။ ပွဲသေးလေးတွေလုပ်ပေးတာများပြီး အပြင်အဆင်ပုံစံသည်နိုင်ငံခြားမင်္ဂလာဆောင်ဆန်ပြီးသဘာဝကျပါတယ် ။ ကဗျာဆန်ဆန် ၊ ပေါ့ပေါ့ပါးပါးပုံစံကြိုက်တဲ့ လူအနည်းစုအတွက် ကိုက်ညီပါတယ် ။

၂ – ညှိနှိုင်းတိုင်ပင်ခြင်း နှင့် ဆက်သွယ်ခြင်း

Wedding ကုမ္ပဏီများ၏အချက်အလက်များကိုစုံစမ်းခြင်း :

— ကုမ္ပဏီက တရားဝင်လား ၊ ကုမ္ပဏီရဲ့ အရည်အချင်း

— Wedding Consultant / Planner တွေရဲ့ လုပ်ငန်းအတွေ့အကြုံ ၊ အကျင့်စာရိတ္တ ၊စိတ်နေသဘောထားတွေကို ဦးစွာ စုံစမ်းခဲ့သင့်ပါတယ်။

TIPS :

1. အချိန်ပေးပြီး ကြာကြာစုံစမ်း တိုင်ပင်ပါ ။
အစပိုင်းတိုင်ပင်ဆွေးနွေးမှုမှာ မောင်နှံသည် Wedding Consultant ( Wedding ကုမ္ပဏီ ) / Private Planner နှင့်အရင်ဆုံးထိတွေ့ရပါတယ် ။ Wedding Consultant / Planner နဲ့စကားပြောတဲ့အခါမှာ စကားပြောလို့ကောင်းပြီး ကိုယ်နဲ့ ကိုက်ညီအဆင်ပြေရဲ့လား၊ ကိုယ့်သဘောထားကို နားလည်ပေးနိုင်ရဲ့လား ဆိုတာသိဖို့အရေးကြီးပါတယ် ။ အလှအပကိုမြင်တဲ့ အမြင်ကလည်း ကိုယ်နဲ့တူဖို့အရေးကြီးပါတယ် ။ ဒါပေမယ့် အခြေခံတိုင်ပင်ဆွေးနွေးတဲ့အချိန်ကို ကြာကြာလေးဆွဲပြီး ဆွေးနွေးဖို့ အကြံပြုပါတယ် ။ ဆွေးနွေးတိုင်ပင်ရင်း သူတို့ရဲ့အပြောထဲမှာမျောပြီး ရွေးချယ်မှုကိုချက်ချင်းမပြုလုပ်ပါနဲ့ ၊ ခဏ ခဏ တိုင်ပင်ရင်းနဲ့ ပိုမိုလေ့လာပါ။ မင်္ဂလာပွဲအတွက်တကယ် လိုအပ်/လိုချင်တဲ့ အချက်အလက်တွေရလာပါလိမ့်မယ် ။

2. ယုံကြည်အားကိုးမှုက ပထမဆုံးကျော်ဖြတ်ရမယ့်အဆင့်ပါ
မည်သည့် ” ပူးပေါင်းဆောင်ရွက်မှု ” မဆိုယုံကြည်မှုအပေါ်အခြေခံပါတယ် ။ အကယ်၍ သင်ယုံကြည်စိတ်ချရတယ်လို့ မခံစားရပါက သူတို့လုပ်ငန်းတွေရဲ့ Portfolio တွေဘယ်လောက်လှကြောင်းပြသပါစေ ၊ အလွန်ကျေနပ်ဖို့ကောင်းတဲ့ကတိတွေရှိနေပါစေ အဲဒါကိုရွေးချယ်ဖို့ အကြံမပြုပါဘူး ။လူအချင်းချင်းဆက်သွယ်တဲ့အခါမှာ သံလိုက်ဓါတ်လိုမျိုးရှိပါတယ် ။ လမ်းကြောင်းမတူတဲ့အခါ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် ပေါင်းသင်းဆက်ဆံတဲ့အချိန်မှာ မှားယွင်းတဲ့လမ်းလျှောက်နေရသလို သို့မဟုတ် သံသယတွေနဲ့ အဆင်မပြေတဲ့ခံစားချက်တွေဖြစ်လာနိုင်ပါတယ် ။ ကိုယ့်ရဲ့ “ဆဌမအာရုံ” ကအချက်ပြမှုများကို လျစ်လျူမရှုသင့်ပါဘူး ။

3. ပူးပေါင်းဆောင်ရွက်မည့်သူရဲ့ အကြောင်းကို နည်းလမ်းများစွာနဲ့ သိပါ
အတွေ့အကြုံရှိတဲ့ ကုမ္ပဏီတွေရဲ့ Wedding Planner & Consultant တွေရဲ့ Personal Social Media မှာ မျှဝေထားမှုကိုလည်း လေ့လာပါ။
Wedding ကုမ္ပဏီ : တရားဝင် account သည် ယေဘုယျအားဖြင့် ထုတ်ဝေခြင်းကိစ္စရပ်များပေါ်တွင် အခြေခံ လို့ နေ့စဉ်သတင်းအချက်အလက်များသိပ်မများလှပါ ။ Wedding Planner & Consultant ၏ သူငယ်ချင်းတွေရဲ့အသိုင်းအဝိုင်းတွေကနေ လည်းလေ့လာနိုင်ပါတယ် ။ ကုမ္ပဏီက အာမခံချက်ရှိတယ်လို့မတွေးပါနဲ့ ။ ကုမ္ပဏီတစ်ခုမှာ ယုံကြည်စိတ်ချရသူနဲ့ စိတ်မချရတဲ့သူများရှိပါတယ် ။ ဘာကြောင့်လဲဆိုတော့ ကုမ္ပဏီရဲ့ ရာထူးနေရာတွေက အရမ်းအသေးစိတ်ပါတယ် ၊ အသစ်ရောက်ရှိလာသောဧည့်သည်များအနေနဲ့ လုပ်ငန်းစဉ်တစ်လျှောက်လုံးကို Wedding Planner တွေနဲ့ တိုက်ရိုက်ဆက်သွယ်ဆောင်ရွက်နိုင်မည်မဟုတ်ပါဘူး ။ နောက်ပြီး Wedding Consultant တွေနဲ့ဘဲ စီစဉ်သောကြောင့် Wedding Planner ကိုလည်း အဆင်ပြေသလိုရွေးပြီး တာဝန်ပေးဆောင်ရွက်စေပါလိမ့်မယ် ။သူကဘယ်သူဖြစ်တယ် ၊ သူက လုပ်ငန်းကိုတာဝန်ယူမှု ရှိလား မရှိလား ဆိုတာသိဖို့ အရမ်းအရေးကြီးပါတယ် ။ အထူးသဖြင့် အဲဒီ့ ကုမ္ပဏီက ဝန်ထမ်းတွေနဲ့ဘဲလည်ပတ်နေတဲ့ ကုမ္ပဏီလားဆိုတာပါဘဲ ။ ထိုကဲ့သို့သောအခြေအနေမျိုးဖြစ်ပါက ယုံကြည်စိတ်ချရသော Wedding Consultant များသည် ပိုမိုစိတ်ချရသည် ။ အနည်းဆုံးတော့ သူတို့အလုပ်ထွက်ခဲ့လျှင် နောက်ဆက်တွဲစီစဉ်မှုများကို လွှဲပြောင်းပေးခဲ့ပေးပါလိမ့်မည် ။

Private Planner : Platform တွင်မျှဝေထားသော အကြောင်းအရာနယ်ပယ်တွေက ကျယ်ပြန့်ပါတယ် ။ ပြီးတော့ အဲဒီ့မျှဝေထားတာတွေထဲက သင်လိုချင်တဲ့ အချက်အလက်တွေကို တွေ့နိုင်ပါတယ် ။ Platform ၏ အပြန်အလှန်ဆက်သွယ်မှုတွေက သင့်ကို ပိုမိုအာရုံစိုက်နိုင်မှုတွေပေးနိုင်ပါလိမ့်မယ် ။

Private Planner လုပ်ငန်းတွေက ဝန်ထမ်းအနည်းငယ်နှင့် အနိမ့်ဆုံးသတ်မှတ်နှုန်းထားများကြောင့် ကုန်ကျစရိတ်အရမ်းမကုန်ကျဘဲ အော်ဒါများကိုလက်ခံနိုင်ပါတယ် ။ Planner သည် တာဝန်ယူမှု နှင့် ယုံကြည်စိတ်ချရမှု ရှိလားဆိုတာ အရမ်းအရေးကြီးပါတယ် ။ တစ်ချိန်တည်းမှာပင် သူသည် အချိန်ပြည့်လား ၊ အချိန်ပိုင်းလား ဆိုတာသိပြီး ကိုယ့်ကိုယ်ကို ကာကွယ်မှု ပိုပေးနိုင်ပါလိမ့်မယ် ။


Leave a Reply

Your email address will not be published. Required fields are marked *